Labels

Friday, January 3, 2014

Hide All နေရာတွင် Unfollow ခလုတ်ဖြင့် Facebook အစားထိုး


Facebook ကုမ္ပဏီသည် သုံးစွဲသူများ News Feeds သုံးစွဲရာတွင် အဆင်ပြေစေရန် Hide All ခလုတ်နေရာတွင် Unfollow ခလုတ်ကို အစားထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ Unfollow ခလုတ်သည် Hide All ကဲ့သို့ပင် မိမိသူငယ်ချင်းများ ၏ နေ့စဉ် update များကို ငြီးငွေ့လာပါက မမြင်မတွေ့ ရအောင် ဖျောက်ဖျက်ပေးနိုင်ပြီး Facebook ကုမ္ပဏီအနေဖြင့် စကားလုံး အဓိပ္ပာယ်ကိုသာေ ပြာင်းလဲခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် Twitter နှင့် Instagram တို့အသုံးပြုမှု များပြားလာသောကြောင့် သုံးစွဲသူများ အနေဖြင့် Unfollow botton ဖြင့်ရင်းနှီးလာပြီး follow နှင့် Unfollow button တို့သည်လည်း Facebook ပေါ်တွင် အသုံးများလာ နိုင်ဖွယ်ရှိသည်။

Facebook သုံးစွဲသူများ၏ profile များတွင် Like button နှင့်အတူ Follow button လည်းပါဝင်လာပြီး တစ်စုံတစ်ယောက်အား Follow ပြုလုပ်နိုင်ကြောင်း သိရသည်။

ယခုပြောင်းလဲမှု ၏ရည်ရွယ်ချက်မှာ စိတ်ဝင်စားသည့် အကြောင်းအရာများ News Feed တွင် ပိုမိုမြင်တွေ့နိုင်ရန် သုံးစွဲများကို ကူညီရန်ဖြစ်ကြောင်း Facebook ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားသည်။

Ref: TechCruch

No comments:

Post a Comment