Labels

Saturday, January 4, 2014

Vision ရှိကြဘို့ လိုပါတယ်။


ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က မီဒီယာ လောကသားများကို ပြော သွားတာလေး သဘောကျလို့ပါ။ Vision ရဲ့ သဘောက သစ်ပင် တစ်ပင်ချင်း ကို မြင်နိုင်စွမ်းရှိသလို သစ်တောကြီးတစ်ခုလုံးကိုလည်း လွှမ်းခြုံမြင်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။

ကျနော် MJN ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တော့ မီဒီယာအပြင် ရဲ၊ ထောက် လှမ်းရေးပါတွေ့ခဲ့ရတယ်။ အဲမှာ အမျိုးသားရေး အမြင်နဲ့ ရေးကြဖို့ မီဒီယာလောကသား တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါပေမယ့် ကျနော် တွေ့ရသလောက်တော့ ဂျာနယ် ၂ စောင်ကပဲ အမျိုးသားရေး အမြင်နဲ့ ရေးတာတွေ့ရပါတယ်။ တစ်စောင်ဆိုရင် အခန်း ဆက်တောင် ရေးတာ တွေ့ ရပါတယ်။ အများစုကတော့ သတင်းအဖြစ်ပဲ ရေးသားကြပါတယ်။

ဘာပဲဖြစ်ဖြစ်လေ အဲလို သတင်းအနေနဲ့ရေးတာကလည်း ပြည်သူကို မျက်စိပွင့် နားပွင့်စေပါတယ်။ စာပေမဏ္ဍိုင်ကနေ အဲလို သတင်းတွေကို အခြေခံပြီး ဆက်လက် သုံးသပ် တင်ပြသွားနိုင်ကြမယ်ဆိုရင် တာဝန်ရှိသူတွေလည်း သဘောပေါက်လာ
Nyunt Hlaing's photo.ပြည်သူတွေလည်း ပိုပြီး အမြင်ကျယ်လာနိုင်မယ်လို့ ယူဆပါတယ်။
တစ်ချို့ ကိစ္စတွေက အဆက်မပြတ် ဖေါ်ပြနိုင်မှ ထိရောက်တယ်လို့ ယူဆပါတယ်။

Nyunt Hlaing's photo.အများစုကတော့ပွဲပြီးမီးသေသဘောမျိုးပဲ ရေးနေကြတာကိုတွေ့ရပါတယ်။ မီဒီယာဟာ နိုင်ငံ့အရေးကို ဖေါ်ဆောင်နိုင်ပါတယ်။ နိုင်ငံ တ်ာဆောက်ရေးမှာ မီဒီယာရဲ့အားဟာ အတော့်ကို အရေးပါပါတယ်။
Nyunt Hlaing's photo.တကယ်တော့ ကျနော်ကိုယ်တိုင်လည်း သတင်းကို ကောင်းကောင်းမရေးတတ်ပါဘူး။ ကနေ့ထိ သတင်းတစ်ခု မတင်မီ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ရဆဲပါ။ သတင်းထဲမှာ ခလုတ်လေးတွေ ထည့်ထားပြီး အဲသတင်းနဲ့ ပတ်သက်လို့ လာထိလာတန်ပြန်သူကို အမိအရ ပြန်တိုက်ခိုက်နိုင်မယ့် ပြီးတော့ ၀ှက်ဖဲထားတဲ့ နည်းလမ်းတွေကိုလည်း ဥပဒေ ပညာရှင်များထံက ပညာယူခဲ့ ယူနေဆဲပါ။

ကဗျာတစ်ပုဒ်ကို လက်တမ်းကောက်ရေးရတာ လွယ်ပေမယ့် သတင်းတစ်ပုဒ်ကို ပညာပါပါနဲ့ ရေးသားဖို့က ကျနော့်အတွက် အတော်ခက်ခဲတာကို ၀န်ခံပါတယ်။ ဒါနဲ့များ ဒီလိုပြောရသလားလို့ မမြင်စေလိုပါ။ ရေးတတ်သူများကို အားကိုးလို့ပါ ခင်ဗျာ...။ ။

No comments:

Post a Comment