Labels

Friday, January 3, 2014

ကြောင်ကိုချူဆွဲကြမယ်


SHIV KHERA ရဲ့“LIVING WITH HONOUR” မှ အချက်အချို့ကို ကိုးကားပြီး ပြောပါ ရစေ။

နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ကြီး အဖက်ဖက်မှ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးအတွက
် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စီမံခန့်ခွဲသူများအနေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည် အချင်းများ ပြည့်ဝရန်နှင့် မိမိ၏စီမံခန့်ခွဲမှုကို အများလေးစားလိုက်နာနိုင်အောင်လည်း မိမိကိုယ်ကိုယ် မိမိကျင့်ကြံနေထိုင်ရမည် ဖြစ်ပါသည်။ ထိုသို့ ကျင့်ကြံနေထိုင်ခြင်းသည် အဂတိလိုက်စားမှုများ၊ အကျင့်ပျက်မှုများ လျော့နည်း ပပျောက်စေရေးအ တွက်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင် လာပါသည်။

စီမံခန့်ခွဲသူများသည်အဖွဲ့အစည်း
လုပ်ငန်းများတွင်ဝန်ထမ်းများအားတက်တက်ကြွကြွပါဝင်လာအောင်၊တာဝန်ခံတတ်စေရန်စီမံခန့်ခွဲရမည့်သူများဖြစ်သည်။သို့ဖြစ်၍ဦးဆောင်စီမံခန့်ခွဲသူများအနေဖြင့်ကိုယ်တိုင်တိတိကျကျကင်းရှင်းအောင် နေထိုင်ကြရန်လိုအပ်ပါသည်။စင်စစ်စီမံခန့်ခွဲမှုဟူသည်လက်အောက်ဝန်ထမ်းများအားအရည်အသွေးများဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုဆိုပါသည်။ထို့ကြောင့်စီမံခန့်ခွဲသူများအနေဖြင့်ချွတ်ယွင်းချက်မရှိသောအကျင့်စရိုက်၊ခိုင်မြဲသောကိုယ်ကျင့်တရား၊ထာဝရမှန်ကန်သောအမှန်တရား၊ ခြွင်းချက်မရှိအလုံးစုံရိုးသားခြင်းစသည့် ထူးခြားသောအရည်အသွေး(၄)ရပ်ရှိရန်လိုအပ်ပါသည်။

ခြစားမှု(သို့) အကျင့်ပျက်မှုဟူသည်ကံမကောင်းအကြေ
ာင်းမလှသူများ၊အကာအကွယ် မဲ့သူများ၊အားနည်းသူများအပေါ် ခေါင်းပုံဖြတ်လိုသည့်မကောင်းသောဆန္ဒပင် ဖြစ်သည်။အဂတိလိုက်စားခြင်းဟူသည်အဖွဲ့အစည်းတစ်ခုမှတာဝန်ရှိနေသောပုဂ်္ဂိုလ်တစ်ဦးသည်ယင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်အားကိုယ်ကျိုးစီးပွားအတွက်ပုံမှန်မဟုတ်သောအပြုအမူကိုလွဲမှားစွာ ဆောင်ရွက်ပြီးရှိသင့်သောအကျင့်စာရိတ္တမရှိဘဲပျက်ပြားခြင်းပင်ဖြစ်သည်ဟုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်

ဝန်ထမ်းများ အကျင့်ပျက်အဂတိလိုက်စားမှုသည် ခေတ် အဆက်ဆက် အစိုးရအဆက်ဆက် ရင်ဆိုင်ကြုံ တွေ့နေရသည့် ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသည့် အကြာရှည်ဆုံး အမြစ်တွယ်နေသည့် ပြဿနာဆိုး တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုပြဿနာဆိုးကြီး လျော့နည်းပပျောက်စေရေးမှာ ကြောင်ကို ချူဆွဲရဲသည့် လူမိုက်များ လိုအပ်မည် ဖြစ်ပါသည်။

ယနေ့လူ့အဖွဲ့အစည်းတွင် ကြုံတွေ့နေရသော အဂတိလိုက်စားမှု ပပျောက်ရေးသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်
ရာ၌ တွေ့ကြုံရမည့် အခက်အခဲများစွာ ရှိပါသည်။ ကြောင်ဟူသည် အဂတိလိုက်စားမှုနှင့်တူပြီး လည်ဆွဲမည့်ချူသည် အဂတိတိုက်ဖျက်ရေးဖြစ်ကာ လူ့အဖွဲ့အစည်းသည် ကြွက်များနှင့်တူနေပါသည်။

သို့ရာတွင် ရှေးဟောင်းဆိုရိုးတစ်ရပ်ဖြစ်သော
“မကောင်းမှုကို ရှင်းလင်းသုတ်သင်ဖို့ ကြံ့ကြာနေလေလေ မကောင်းမှုကိုအနိုင်ယူဖို့ ခက်ခဲလာလေလေ”ဟု ဆိုသည့်အတိုင်း အဂတိလိုက်စားမှု ပပျောက်ရေးကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ သင့်တော်မည့် နည်းလမ်းများရှာဖွေ၍ တိုက်ဖျက်သွားရမည် ဖြစ်ပါသည်။

သို့အတွက် မီဒီယာ အသီးသီးမှ နိုင်ငံအတွက် စတုတ္ထ မဏ္ဍိုင် တာဝန်ကို ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင် ရေးအတွက် အဂတိ တိုက်ဖျက်ရေးကို အထောက်အကူပြုစေမည့် သတင်းများ ထုတ်လွှင့်ခြင်း၊ သတင်းနှင့် ဆောင်းပါးများ ရေးသားခြင်းကို အမျိုး သားရေး တာဝန်တစ်ရပ်ဟု အပြည့်အ၀ ခံယူကျင့်သုံး နိုင်မှုသည် အဓိက မောင်းနှင် အား တစ်ခုဖြစ်သည်ဟု ယုံကြည်မိပါသည်။ ပေါ်ပင်မဟုတ်ပဲ အစဉ်တစိုက် ရေးသား ထုတ်လွှင့်နိုင်မည် ဆိုပါက ထိရောက်မှု မြန်ဆန်လိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

အလားတူပင် နိုင်ငံ့ဝန်ထမ်းများဘက်မှလည်း တိကျမှန်ကန်သော၊ ပုဂ္ဂိုလ်ရေးမ ပါသော သတင်းအချက် အလက်များကို အမျိုးသားရေး တာဝန်ဟု ခံယူကာ ပြည်သူ့ ၀န်ထမ်းများပီပီ ပြည်သူ့မျက်နှာကိုသာကြည့်ပြီး မီဒီယာသမားများထံ့ ဆက်သွယ် သတင်းပေးခြင်းဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုး အလေးထားသော ရဲရင့်ပြီး တာဝန်ကျေပွန်သော ၀န်ထမ်းကောင်းများ ဖြစ်ကြရန် လိုအပ်မည် ပါသည်။

ပြည်သူ့ဝန်ထမ်းများသည် အကြောက်တရားထက် နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် အကြောက်အရွံ့မရှိ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ကြမှသာ ပိုမို ထိရောက်နိုင်ပါသည်။

အခက်အခဲများ ရှိသည်ဆိုပါက ကျနော်မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ် လာသည့် ၀န်ထမ်း၏ လုံခြုံမှုအတွက် အစစ တာဝန်ယူပေးပါမည်။ တာဝန်ခံပါမည်။ အချက်အလက် မှန်ကန်တိကျမှုကိုမူ ထိုဝန်ထမ်းမှ တာဝန်ယူနိုင်ရပါမည်။ ၀န်ထမ်း၏ အမည်မပါစေပဲ ကျနော်၏ အမည်ဖြင့်သာ မီဒီယာ ညီအစ်ကို မောင်နှမများ၊ ဖြေ ရှင်းပေးနိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ သည်။ မီဒီယာညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အမျိုးသားရေး အမြင်ဖြင့် ကူညီပေးသွားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေးနှင့် အစိုးရ ယန္တယားကြီး အချောမွေ့ဆုံး၊ အပြေပြစ်ဆုံး လည်ပတ်နိုင်ရေး၊ ပြည်သူကို အမှန်တကယ် အကျိုးပြုနိုင်ရေးမှာ အားလုံးတွင် တာဝန်ရှိပါသည်။

ကဲ… ကြောင်ကိုဘယ်သူချူဆွဲပေးကြမလဲ…


ညွန့်လှိုင်
ဖုန်း ၀၉၄၂၀၁၇၁၂၅၅၊ ၀၉၄၅၀၀၂၀၂၆၉
အီးမေးလ် nyunthl2010@gmail.com ; seinncics@gmail.com;

No comments:

Post a Comment