ဒီလိုအမတ်တွေလည်းရှိမှ။
၂၀၁၂ မှာ ပညာရေးပြုပြင်ပြောင်းလဲဘို့ စိတ်ပါလက်ပါနဲ့ကို မျှော်လင့်ချက်
အပြည့်နဲ့ တင်ခဲ့သေးတယ်။ မဲနဲ့ရှုံးသွားတော့ အတော်ကို ခံစားခဲ့ရရှာတယ်။
သူရဦးရွှေမန်းကလည်း အဲအကြောင်းကို ပြောတယ်။ သူရဦးအောင်ကို
ရင်ထဲကလာတဲ့စကားတွေ (ပညာရေး) ပေကျင်း သံရုံး မှာ ပြောခဲ့တာ အမှတ်ရမိသေးတယ်။ ရင်ထဲကလာတဲ့ စေတနာနဲ့ကိုပြောခဲ့တာ။
တရုတ်မှာ နိုင်ငံရပ်ခြား ပညာရှင်တွေကို ဘယ်လိုခေါ်တယ်၊ ဘယ်လိုခန့်တယ် စိတ်ဝင်တစားမေးရှာတာ။ တရုတ်မှာက ချင်းဟွာ နဲ့ ပေကျင်းတက္ကသိုလ်က ထိပ်သီး။ မြန်မာအများစုက ပေကျင်း တက္ကသိုလ် ကိုပဲ သိတာ။ ချင်းဟွာက ထိပ်ဆုံးက ဆိုတာ သိသူ မရှိသလောက်ပဲ။( အဲတုန်းက သမ္မတကိုယ်တိုင်ကလည်း ချင်းဟွာကျောင်းထွက်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး နိုင်ငံတကာ ဖိုရမ်ကို သမ္မတရဲ့ ဧည့်ဂေဟာမှာ လုပ်တော့ ကျနော်တို့ကို သမ္မတက တမင် ဖိတ်ခဲ့တာ။) ဒါကြောင့် ဦးတင်ဦး(သံအမတ်ကြီး)က ထိပ်တန်း တက္ကသိုလ်တောင် မတက်ဘူးတဲ့ မထင်မရှား တက္ကသိုလ် တစ်ခုက ကျောင်းခွဲ တစ်ခုမှာ တက်နေတဲ့ ကျောင်းသား တစ်ယောက်ကို ခေါ်ထားပြီး ရှင်းပြတယ်။ အဘဦးလှမြင့်ဦး(ကျနော့်အတွက် တကယ်လေးစားရသူမို့ ခေါ်တာပါ။ အဘကိစ္စတွေက ပြောနေကြတော့လေ။) က သိတယ်။ ဒါ့ကြောင့်လည်း ကျနော့်ကို ပြောခိုင်းခဲ့တာ။
ကျနော် ဆက်ဆံရေးအရာရှိလုပ်နေစဉ်ကလည်း တကယ်ကိုနုညံ့တဲ့ ၀န်ကြီးအဖြစ် လက်ခံခဲ့တယ်။ အဲအချိန်က ၀န်ကြီး ဒုဝန်ကြီး မပြောနဲ့ ညွှန်ချုပ် ဒုချုပ်အဆင့်လောက်ကတောင် ခပ်တင်းတင်းတွေ။ သူတို့ မျက်နှာရိပ်မျက်နှာကဲကို အရမ်းဂရုစိုက်နေခဲ့ရတာ။ တစ်ချက်ကလေးအမှားမခံကြဘူး။
အဲအချိန်က သူရဦးအောင်ကို၊ ဆရာကြီး ဦးတင်ညို(ပညာ/ညွှန်ချုပ်) နဲ့ ဆရာကြီး တက္ကသိုလ်မြတ်သူ တို့ ဟာ တကယ့်ကို အမှတ်ထင်ထင်ပါ။

သူရဦးအောင်ကိုနှင့်တွေ့ဆုံခြင်း
January 3, 2014 at 2:16pm
ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရာခိုင်နှုန်းတော်တော်များများပြည်သူတွေ
ခံစားခွင့်ရဖို့အတွက် ဘယ်သူကဖိအားဘယ်လောက်ပေးပေး အောင်မြင်အောင်ကြိုးပမ်းသွားမယ်
========================================================
ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊အသနားခံစာများ
စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုနှင့်တွေ့ဆုံခြင်း

ဒီမိုကရေစီကူးပြောင်းစကာလတွင် ပုဒ်မ ၁၈ သည် ပြည်သူများအကြားရေပန်းစားသည့် ပုဒ်မတစ်ခုဖြစ်ခဲ့ပြီး ပုဒ်မ ၁၈ အပေါ် ဝေဖန်သံအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ နှစ်ပေါင်းများစွာ မျိုသိပ်အောင့်အည်းခဲ့ရသော ပြည်သူများ၏လိုလားချက်များသည် ယနေ့အချိန်၌ တရားဝင်ဆန္ဒထုတ်ဖော်သည့် ယဉ်ကျေးမှုအဖြစ် အစပြုခဲ့ပြီဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ပြည်သူများကို လမ်းပေါ်ဆန္ဒထုတ်ဖော်ခွင့် အလွယ်တကူပြုလိုက်လျှင် ဒီမိုကရေစီ သက်တမ်းနုနယ်စဉ်၌ ကိုင်တွယ်ဖြေရှင်းရမှုများ အခက်အခဲတွေ့စေမည်လောဟု ပူပန်မှုများကိုလည်းမြင်တွေ့ရသည့်အတွက် ပုဒ်မ ၁၈ပြင်ဆင်ရေး ဥပဒေကြမ်းတင်သွင်းထားသော ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်းတင်ပြလိုက်ပါသည်။
ယမင်း
====
မေး။ ပုဒ်မ ၁၈ကို ပြင်ဆင်ရတဲ့ အဓိကအကြောင်းရင်းကို သိချင်ပါ တယ်ရှင့်။
ဖြေ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ (က)နဲ့(ခ) မှာ နိုင်ငံသားတိုင်းဟာ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုနိုင်တယ်။ ရေးသားနိုင် တယ်။ ဖြန့်ဝေနိုင်တယ်ဆိုတာ ခွင့်ပြုထားပါတယ်။ ပုဒ်မခွဲ(ခ) မှာက နိုင်ငံသားတိုင်းဟာ ရပ်ရွာ အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ အကျိုးငှာ ကိုယ်ကျင့်တရားကို မထိခိုက်စေတဲ့ကိစ္စများ၊ နိုင်ငံတော် ရဲ့အကျိုးစီးပွားကို မထိခိုက်စေတဲ့ ကိစ္စများနဲ့ပတ်သက်လို့ရှိရင် လွတ် လပ်စွာ၊ ငြိမ်းချမ်းစွာ စုဝေးနိုင် တယ်။ ငြိမ်းချမ်းစွာစီတန်းလှည့် လည်နိုင်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နိုင်တယ်လို့ ပုဒ်မ ၃၅၄က နေ ပြည်သူလူထုကို ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝပေးထား ပါတယ်။ အခြေခံဥပဒေမှာပြဋ္ဌာန်း ထားတဲ့ ဥပဒေပုဒ်မတွေအလိုက် သူက အဲဒါ အက်ဥပဒေဖြစ်ပါ တယ်။ သူ့ကို လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့အတွက်ကို နောက် ဆက်တွဲဥပဒေလို့ခေါ်တဲ့ နည်းဥပဒေ တို့၊ အမိန့်ညွှန်ကြားချက်တို့ဆိုတာ လွှတ်တော်ကဖြစ်စေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများကဖြစ်စေ ပြန်ပြီး တော့ရေးသားပြီးတော့ လွှတ်တော် မှာတင်ပြီးတော့ အတည်ပြုရပါ တယ်။ ပုဒ်မ ၃၅၄ နဲ့ ပတ်သက်လို့ ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနကနေ ပြီးတော့ ၂ဝ၁၁ ခုနှစ်ဒီဇင်ဘာလ မှာ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခြင်း၊ ငြိမ်ချမ်း စွာ ဆန္ဒထုတ်ဖော်ခြင်းဥပဒေကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့ တဲ့အခါမှာ လွှတ်တော်ကိုယ်စား လှယ်အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ အဲဒီ ငြိမ်း၊ စု၊ စီ ဥပဒေဖြစ်ခဲ့ပါ တယ်။ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့လည်းပဲ ဒီမိုကရေစီ အတွေ့အကြုံနည်းသေးတာလည်း ပါပါတယ်။ ဥပဒေနဲ့ပတ်သက်ပြီး တော့လဲ အများစုက မကျွမ်းကျင် ကြပါဘူး။ ဒါကြောင့်မို့ အဲဒီဥပဒေ ကို အလွယ်တကူပဲအတည်ပြုပေး ခဲ့ပါတယ်။ အဲဒီအခါမှာ ဖြစ်ပေါ် လာတဲ့ နောက်ဆက်တွဲပြဿနာ တွေက ပြည်သူလူထုက မိမိတို့ရဲ့ နစ်နာမူများ၊ မတရားဖိနှိပ်ခံရမူ များ၊ လယ်ယာမြေအသိမ်းပိုက် ခံရမှုများ၊ အခြားမှုခင်းများပေါ့၊ အမှုများနဲ့ပတ်သက်ပြီးတော့မှ နစ်နာမှုများနဲ့ကြုံတွေ့ရတဲ့အခါမှာ ဆန္ဒထုတ်ဖော်ချင်လို့ရှိရင် သက်ဆိုင် ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲမှူးတို့ထံမှာ ငါးရက်ကြိုတင်ပြီး တော့မှ ခွင့်တောင်းရပါတယ်။ အဲ့လိုတောင်းတဲ့အခါမှာ ဆန္ဒထုတ် ဖော်သူရဲ့ခေါင်းဆောင်၊ နောက် ပါဝင်မယ့်အင်အား၊ စုဝေးမယ့် နေရာ၊ စီတန်းလှည့်လည်မယ့်လမ်း ကြောင်း၊ အချိန်အကြောင်းအရာ ကအစ ပုံစံဖြည့်ပြီးတော့တင်ရ ပါတယ်။ အဲလိုတင်လိုက်တဲ့အခါ မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်ရဲမှူးတို့ ခရိုင်အဆင့်၊အထက် အဆင့် ဆက်လက်အသိပေးတင်ပြ ပြီး ခွင့်တောင်းလို့လဲရပါတယ်။ သူတို့ခွင့်ပြုမှ ဆန္ဒထုတ်ဖော်လို့ရ ပါတယ်။ အကယ်၍ သူတို့ခွင့်မပြု ဘဲ ဆန္ဒထုတ်ဖော်ခဲ့လို့ရှိရင် အများ ဆုံး ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ အများဆုံး ငွေဒဏ်ကျပ် သုံးသောင်းအထိဖြစ်စေ၊ မဟုတ် ရင် နှစ်ရပ်ပေါင်း၍ဖြစ်စေ ကျခံ စေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ ဆန္ဒထုတ်ဖော်တဲ့လူထု အဖွဲ့အစည်းတွေကနေ တင်ပြတဲ့ တင်ပြချက်တွေအပေါ်မှာ အဲဒီ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် တွေအနေနဲ့ ခိုင်လုံသောအကြောင်း ပြချက်မရှိဘဲလဲ ပယ်ချလို့ရပါ တယ်။ ကေ့စ်တစ်မျိုးတည်းမှာကို ပဲ ရန်ကုန်တိုင်းဒေသကြီးအထဲမှာ ရှိတဲ့ မြို့နယ်တစ်ခုက ခွင့်ပြုတယ်။ အခြားမြို့နယ်တွေက မပြုတာတွေ လဲ ရှိပါတယ်။ ရှိတဲ့အခါကျတော့ အခြေခံဥပဒေပုဒ်မ ၃၅၄ ကနေ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေး တွေဟာ အဲဒီ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈နဲ့ပြန်ပြီးတော့ ထိန်းချုပ်ခြင်း ခံနေရတဲ့သဘောမျိုးဖြစ်လာတယ်။ တစ်ဖက်ကလဲ မြို့နယ်အုပ်ချုပ် ရေးမှူးတို့၊ ရဲမှူးတို့ကလဲ ဥပဒေရဲ့ အထက်မှာရောက်နေတဲ့သဘောမျိုး သက်ရောက်နေတယ်။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနဲ့ သူတို့ ဒါကိုပိတ်ပင်နိုင်တယ်၊ တားဆီးနိုင် တယ်ဆိုတာက ဥပဒေရဲ့အထက် မှာရောက်နေပါတယ်။ တကယ် ဆိုရင်တော့ ဥပဒေအတိုင်းပဲ သူက အကြောင်းပြချက်ပေးရပါမယ်။ ဥပမာ - နိုင်ငံခြားဧည့်သည်တော် ကြီးတွေခရီးစဉ်ရှိနေလို့၊ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေလို့ အကြောင်းပြချက်ပေးရပါမယ်။ အကြောင်းပြချက်မပေးဘဲနဲ့ ပယ်ချ ဖို့ အခွင့်အရေးရှိနေတာကိုက အဲဒီ ပုဒ်မ ၁၈ က ပြည်သူတွေကို ဒုက္ခ ပေးနေပါတယ်။ ၂ဝ၁၂ နှစ်လယ် လောက်တုန်းက ပုဒ်မ ၁၈ အရ ဆန္ဒထုတ်ဖော်သူတွေ ဖမ်းဆီး ထိန်းသိမ်းခြင်းခံရပါတယ်။ ထောင် ဒဏ်တစ်နှစ်စီကျတာ များတယ်။ ဒဏ်ငွေလုံးဝမဆောင်ရဘူး။ ထောင် ဒဏ်ပဲချပါတယ်။ အဲဒီတော့ လူထု ကြားမှာ တော်တော်လေးကို ဆူဆူ ညံညံအော်ဟစ်နေတဲ့ကိစ္စဖြစ်လာ ပါတယ်။ ပြည်သူ့ပြဿနာဖြစ် လာပါတယ်။
၂ဝ၁၂ ကတည်းက စတာ ၂ဝ၁၃ မှာ ပိုဆိုးပါတယ်။ အဲဒီ အခါမှာ ခုနနိုင်ငံတော်အကြီးအကဲ ပြောခဲ့တာလဲ ရှိပါတယ်။ ၂ဝ၁၃ ခုနှစ် နှစ်ကုန်တဲ့အခါမှာ မြန်မာ နိုင်ငံအကျဉ်းထောင်အသီးသီးမှာ နိုင်/ကျဉ်းလို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသား လုံးဝမရှိအောင် ဒါကို ဖြေရှင်းဆောင်ရွက်ပေးမယ်၊ လွှတ်ပေးမယ်လို့ အကြီးအကဲက နိုင်ငံတော်ကိုကတိပေးခဲ့တဲ့အတွက် ဦးတို့ကော်မတီကတရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီဆိုပြီးတော့ တိုင် ကြားစာနှင့်အသနားခံစာ အဲဒီလုပ် ငန်းမှာ ပူးတွဲပေးလိုက်တဲ့အခါမှာ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုဆီကနေ တိုင်ကြားစာတွေ၊ အသနား ခံစာတွေ ရာပေါင်းများစွာရောက်လာပါတယ်။ ရောက်လာတဲ့အခါမှာ ဒီတရားစီရင်ရေးရာ ဥပဒေရေးရာဥက္ကဋ္ဌတစ်ဦးအနေနဲ့ ပထမ ကော်မတီနဲ့ ဦးစွာတိုင်ပင်ပါတယ်။ တိုင်ပင်ပြီးတဲ့အခါမှာ ပုဒ်မ ၁၈ကို ဖျက်သိမ်းမယ့်ဥပဒေကြမ်းကို ကိုယ်တိုင်ရေးဆွဲရပါတယ်။ ရေးဆွဲပြီးသားဥပဒေကြမ်းကိုလဲ ဦးတို့က ဥပဒေပညာရှင်မဟုတ် တဲ့အတွက်ကြောင့် ရေးထုံးညီအောင်ဆိုပြီးတော့ ဥပဒေပညာရှင်ထံ ပြပြီးမှ ပြုပြင်ပေးခိုင်းပါတယ်။ ပြီးတဲ့အခါကျမှ ဒါကိုလွှတ်တော် လမ်းကြောင်းကတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဦးတို့က ပြည်သူ့လွှတ်တော်မှာ တရားစီရင်ရေး ဥပဒေရေးရာနှင့် အသနားခံစာ၊ တိုင်ကြားစာများဆောင်ရွက်ရေးကော်မတီဖြစ်လို့ လွှတ်တော်လမ်းကြောင်းကနေပဲ တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလို ဆုံးဖြတ်လိုက်တဲ့အခါမှာ ၂ဝ၁၃ ခုနှစ် ခန့်မှန်းခြေပြောရလို့ ရှိရင် သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှာ လွှတ်တော်အဖွဲ့အစည်း အဝေးမှာ တရားဝင်တင်ပြပါတယ်။ ပြည်သူတွေဆီကနေ အသနားခံ စာတွေ အများကြီးပို့လာတာမို့လို့ ဒီဟာကိုဖျက်သိမ်းဖို့ ဥပဒေကြမ်း ကို ကျွန်တော်ရေးဆွဲထားပါပြီ။ ဥပဒေကြမ်းကိုလဲ ထိုးတင်ပါတယ်။ ကော်မတီ၊ ကော်မရှင်များအစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောပါတယ်။ ဖျက်သိမ်းဖို့မသင့်ဘူး။ ထိခိုက်အနာတရဖြစ်မှုနည်းပါး အောင်ပဲပြင်ဆင်ပေးပါ။ သဘောတူလက်ခံပြီးတော့ ဒါကို အသစ် ပြန်ဆွဲခဲ့ပါတယ်။ အဲဒါသည် ငြိမ်း၊ စု၊ စီ ဥပဒေရဲ့ ပုဒ်မ ၁၈ကို ပြင်ဆင်တဲ့ဥပဒေကြမ်းဆိုပြီး ပြင်ဆင်ရေးဆွဲပြီးမှ ပြီးခဲ့တဲ့ အဋ္ဌမအကြိမ် ပုံမှန်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
တင်သွင်းခဲ့ရာမှာ လွှတ်တော်ဥက္ကဋ္ဌကြီးအပါအဝင် တာဝန်ရှိသူ များကလဲ ကျေနပ်လက်ခံနိုင်ဖွယ်ရှိလို့မို့လို့ အဲဒီပြင်ဆင်တဲ့ဥပဒေ ကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနိုင်ဖို့အတွက်ကိုလဲ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာတင်သွင်းတဲ့ အခါတုန်းကတော့ ဟိုဘက်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ကိုယ်စား ပြည်ထဲရေးဒုတိယဝန်ကြီးပါတယ်။ သူကတော့ ကန့်ကွက်ပါတယ်။ သို့သော်လဲပဲ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အဆုံးအဖြတ်ရယူမှု အတွက်ကို တင်ပြတဲ့အခါမှာ ဒါကို နဝမအကြိမ်ပုံမှန်အစည်းအဝေး မှာဆွေးနွေးဖို့ လက်ခံဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီ ၁၃ ရက်ကစပြီးကျင်းပမယ့် နဝမအကြိမ်အစည်းအဝေးမှာ ငြိမ်း၊စု၊စီ ဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းသည် ဒါအများစိတ်ဝင် စားတဲ့အကြောင်းအရာဖြစ်လာပါတယ်။
မေး။ ပုဒ်မ ၁၈ ကို ပြင်ဆင်ဖို့ကြိုးစားတဲ့အခါ ဖိအားပေးခံရ တယ်လို့ကြားပါတယ်၊ မှန်သလားရှင်။
ဖြေ။ ဒါနဲ့ပတ်သက်ပြီး ပြည်ပကမီဒီယာများကလဲ စဉ်ဆက်မပြတ် မေးပါတယ်။ ဦးအောင်ကို အဲဒီဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းဖို့ ဖိအားပေးခံနေရတယ်လို့ သတင်းထွက်တယ်ပြောပါတယ်။ ဆိုတော့ ဖိအားပေးခံရပါတယ်။ အဖွဲ့အစည်းလိုက်ရော၊ ဦးတစ်ယောက် တည်းရဲ့ ပုဂ္ဂိုလ်ရေးအရရော ဖိအားပေးခံရပါတယ်။သို့သော်လဲပဲ အများပြည်သူရဲ့အကျိုးအတွက်ဖြစ်လို့မို့လို့ ခုနက ဖွဲ့စည်းပုံအခြေခံ ဥပဒေကပေးထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရာခိုင်နှုန်း တော်တော်များများ ပြည်သူတွေခံစားခွင့်ရဖို့အတွက်ကို ဒါကိုတော့ ဘယ်သူကဖိအားဘယ်လောက်ပေးပေး ဒါကိုတော့ အောင်မြင်အောင် ကြိုးပမ်းသွားမယ်ဖြစ်တယ်လို့ဆိုတာကိုလဲပဲ ပြောကြားလိုပါတယ်။
မေး။ ပုဒ်မ(၁၈)ကို ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ ဘယ်လိုအချက် တွေပါဝင်ပါသလဲရှင့်။
ဖြေ။ ပြင်ဆင်တဲ့အခါမှာ ပထမတုန်းကတော့ ဖျက်သိမ်းဖို့တင်ခဲ့ ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်ချက်အရ ပြင်ဆင်ဖို့ ပြန်လည်ရေးဆွဲပါတယ်။ တင်ရတဲ့အခါမှာပေါ့လေ နံပါတ်(၁)အချက် က အခွင့်တောင်းရမယ်ဆိုတာမှာ ဆန္ဒထုတ်ဖော်လိုတဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေက မြို့/အုပ်၊ ရဲ/အုပ်တွေဆီက အခွင့်တောင်းရန်မလို အသိပေးတင်ပြရမယ်။ နောက်တစ်ချက်က အများဆုံးထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ်သုံးသောင်းထိဖြစ်စေ၊ နှစ်ရပ်ပေါင်း ဖြစ်စေ ပြစ်ဒဏ်ကျခံရမယ်ဆိုတာမှာ ထောင်ဒဏ်ကို ပယ်ဖျက်ထား ပါတယ်။ ဒဏ်ငွေကိုတိုးရင်တိုးလိုက်ပါ။ သုံးသောင်းက သုံးသိန်း ဖြစ်ရင်ဖြစ်ပါစေ။ ထောင်ဒဏ်က ပြည်သူတွေသိပ်နစ်နာရပါတယ် လေ။ အဲဒီလိုပြင်ထားပါတယ်။ ဒါလေးက အကျဉ်းချုံးလိုက်တာ ပါ။ အဲဒီအခါမှာပေါ့လေ အုပ်ချုပ်ရေးပိုင်းတို့၊ တခြားအဖွဲ့အစည်း တွေဆီကထွက်လာတဲ့သတင်းက နိုင်ငံရေးပါတီများ မဟုတ်ပါဘူး။ အဲလိုလိုက်လျောပေးလိုက်လို့ရှိရင် နေ့စဉ်နဲ့အမျှ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြ၊ ဆန္ဒထုတ်ဖော်တဲ့ကိန်း ကြုံတွေ့ရတယ်။ အဲအခါမှာ အုပ်ချုပ်ရေးပိုင်းကလဲ စီမံကိုင်တွယ်ရတာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့မှ ဝေဖန်သုံးသပ်ကြပါတယ်။ ဦးကိုလဲ အဲဒါနဲ့ထောက်ပြပြီးတော့မှ ဖိအားပေးကြပါတယ်၊။
— with Thura U Aung Ko. January 3, 2014 at 2:16pm

No comments:
Post a Comment