Labels

Tuesday, January 7, 2014

လွှတ်တော်အမတ်တစ်ယောက်စီအတွက် ပံ့ပိုးပေးတဲ့ဝန်ထမ်း

အနည်းဆုံး တစ်ယောက်လောက်တော့ ထားပေးရင်ကောင်းမှာပဲ။ နားတစ်စုံ လက်တစ်စုံ ပိုလာသလို ၀ိုင်းကူ စဉ်းပေးမယ့် ခေါင်းတစ်လုံးလည်းပိုလာတာပေါ့။ ဒါမှလည်း လွှတ်တော်မှာ ပြီးပြည့်စုံတဲ့ ထိရောက်တဲ့ တင်ပြမှု ဆွေးနွေးမှုတွေနဲ့ ပြည်သူတွေအတွက် မြန်ဆန်ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပေါ်ပေါက် လာနိုင်ပါတယ်။ ပြန်ခေါ် ပြန်မေး ပြန်တင်ပြနဲ့ အချိန်အကြာကြီး မကုန်တော့ဘူးပေါ့။ အချိန်ဟာငွေပါ။ အဲဒီအချိန်တွေမှာ လွှတ်တော်စရိတ်တွေ ရှိနေတယ်ဆိုတာမြင်နိုင်မယ်ထင်ပါတယ်။

အခြားတစ်ဖက်ကလည်း ၀န်ထမ်းတွေ လစာ တိုးပေးနိုင်ရေး ကျြိးပမ်းပေးဖို့လည်း လိုမယ်ထင်ပါတယ်။ ရှုံးနေပါတယ်ဆိုတဲ့ ဌာနတွေ တကယ်မရှုံးတာကို အိတ်ထဲထည့် အရှုံးပြနေတာတွေ၊ ဌာန အကြီးအကဲတွေ ကိုယ်ကျိုးရှာပြီး ပြည်သူ့ဘဏ္ဍာကို လုပ်ငန်းပြပြီးထည့်နေတာတွေ ရသင့်တာတွေမရတာတွေ အဟောသိကန် ဖြစ်နေတာတွေ သေချာစိစစ်နိုင်ရင် လစာအနည်းဆုံး နှစ်ဆထိ တိုးပေးနိုင်ပါတယ်။

ဝန်ကြီးကနေ ညွှန်မှူး၊ ဒုညွှန်မှူးအထိလောက်ကို ပိုင်ဆိုင်မှု တင်ပြခိုင်းကြည့်လိုက်ပါ။ ပြီးရင် နိုင်ငံပိုင် သတင်စာတွေ ကရော ပြင်ပ မီဒီယာကရော ပွင့်လင်းမြင်သာစွာ ချပြကြည့်လိုက်လို့ကတော့ ဖုံးကွယ်ထားတာတွေ ဘာတွေဘာတွေဆိုတာ ၀ိုင်းပြီး ထောက်ပြလာပါလိမ့်မယ်။

ထပ်ပြီး ပြည်သူ့ဘဏ္ဍာ အလွဲသုံးမှုတွေ တင်ပြနိုင်ပါတယ်။ တင်ပြသူကို အရေးမယူဘူး၊ ဖုံးကွယ် ပေးထားမယ်လို့သာဆိုလိုက် တွဲဆိုင်များစွာပါတဲ့ည ရထား အစီးတစ်ထောင်လောက်သော ဖော်ထုတ်စာတွေ ရောက်လာပါလိမ့်မယ်။ ပြီးရင်တော့ ဖေါ်ထုတ်ပြီး ထိရောက်ဏါာ အရေးယူပြီး ပစ္စည်းပါ သိမ်းမယ်ဆိုရင် တကယ်ကို သန့်ရှင်းကောင်းမွန်လာပါလိမ်မယ်။ အရွေ့လည်းကောင်းသွားပါလိမ့်မယ်။

အဂတိတိုက်ဖျက်ရေးကို ဒုသမ္မတ ဦးဆောင်ခိုင်းပြီး ယောင်ပြလုပ်နေတာမဟုတ်ပဲ တကယ်ထိထိရောက်ရောက်သာ လုပ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်လိုက်ရင် သိမ်းဆည်းရမိတာတွေတင် ဘီလျံနဲ့ချီ ရပါလိမ့်မယ်။

ကျနော်မြင်မိတာလေးပြောပြတာပါ။
 
 
နိုင်ငံတကာလွှတ်တော်တွေမှာ လွှတ်တော်အမတ်တစ်ယောက်စီအတွက်
ပံ့ပိုးပေးတဲ့ဝန်ထမ်းသုံးဦးစီရှိတယ်၊ အဲဒီတော့ လွှတ်တော်အမတ်တွေရဲ့လုပ်ငန်းက ပိုပြီးထိရောက်တာပေါ့
========================================
ယမင်း
========================================

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်နှင့်ဈေးကွက်စီးပွားရေးကို
ဖော်ဆောင်ခဲ့ခြင်းနှင့်အတူ လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့သည်။ မဏ္ဍိုင်ကြီးသုံးရပ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ခရီးနှင်ခဲ့သည်မှာ သုံးနှစ်ကာလသို့ရောက်ခဲ့ပြီဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ရပ်နားစဉ်ကာလများတွင် ပြည်တွင်းမှပြည်သူ့အသံကိုရယူခြင်း၊
ပြည်ပနိုင်ငံများမှလွှတ်တော်လုပ်ငန်းစဉ်များလေ့လာခြင်းများ အဆက်အပြတ်ပြုလုပ်နေသည်ကိုတွေ့ရသည်။ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦးနှင့်တွေ့ဆုံပြီး နိုင်ငံတကာလွှတ်တော်များသို့ သွားရောက်လေ့လာမှုများ နှင့်ပတ်သက်၍
မေးမြန်းဖော်ပြလိုက်ပါသည်။
=================================

မေး။နိုင်ငံတကာကလွှတ်တော် တွေလေ့လာပြီး မြန်မာနိုင်ငံမှာ ဘယ်လိုပြန်ပြီးအသုံးချမှာပါလဲ။
==========================
ဖြေ။ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ကိစ္စတွေကို ပြန်အသုံးချပါတယ်။ ဥပမာ-လွှတ်တော်တွေမှာကော်မတီ တွေ ဘယ်လိုဖွဲ့စည်းလဲ၊ ကော်မတီ နဲ့အစိုးရအဖွဲ့ဘယ်လို ဆက်သွယ် ဆောင်ရွက်လဲ။ကော်မတီရဲ့လုပ်ငန်း တာဝန်တွေလဲ နှိုင်းယှဉ်ကြည့်ပါ တယ်။ အဓိကတော့ လွှတ်တော် တွေရဲ့ အုပ်ချုပ်မှုကိစ္စ၊ အရင်က မြန်မာနိုင်ငံလွှတ်တော်မှာ ညွှန်ချုပ် တစ်ဦးတည်းနဲ့ ဖွဲ့တယ်။ အခု ညွှန်ချုပ် သုံးဦးနဲ့ဖွဲ့တယ်။ ဒါ ဘာကြောင့်လဲဆိုရင် သူ့လွှတ်တော် အလိုက် ညွှန်ချုပ်တစ်ဦးရှိတယ်။ မနေ့က အင်ဒိုနီးရှားမှာ ဆွေးနွေး တော့ လွှတ်တော်မှာ ဖွဲ့စည်းထား တာ လူထောင်ကျော် ရှိတယ်။ လွှတ်တော်အမတ်ဦးရေလဲ သိပ် ကွာလှတာမဟုတ်ဘူး။ အမတ် ဦးရေနည်းတဲ့လွှတ်တော်တွေမှာလဲ သူတို့ရဲ့အုပ်ချုပ်မှုကိစ္စ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ထောက်ပံ့မှု
ပေးဖို့ကိစ္စတွေကသူတို့မှာ Assistant တွေရှိတယ်။
သုတေသနလက်ထောက် တွေရှိတယ်။စာရွက်စာတမ်းရှာပေး တဲ့ ဝန်ထမ်းတွေရှိတယ်။လွှတ်တော် တိုင်းမှာ အမတ်တစ်ဦးကိုပံ့ပိုးတဲ့ လူသုံးဦးလောက်ရှိတယ်။ အဲဒီ တော့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့လုပ်ငန်းက ပိုထိရောက်တာ ပေါ့။ပြီးတော့လွှတ်တော်တွေ လုံခြုံ ရေးကြည့်မယ်ဆိုရင် လွှတ်တော် ဝင်းကြီးတွေကကြီးတယ်။လွှတ်တော် မှာလုံခြုံရေးလုပ်နေတဲ့ သူတွေက လွှတ်တော်ဝန်ထမ်း၊ အပြင်ဘက် မှာ ရဲကစောင့်တယ်။ လွှတ်တော် လုံခြုံရေးကို လွှတ်တော်ဝန်ထမ်း ကပဲ တာဝန်ယူတယ်။ လွှတ်တော် မှာလုံခြုံရေးဌာနတစ်ခုရှိသင့်တယ်။ ပြီးခဲ့တဲ့အပတ် ဂျပန်သွားတုန်းက ဆိုရင်လဲ ဂျပန်လွှတ်တော်မှာ လုံခြုံ ရေး ရာနဲ့ချီပြီးရှိတယ်။

မေး။ဒီမိုကရေစီရင့်ကျက်လာ တဲ့နိုင်ငံတွေမှာ လွှတ်တော်တွေကို ဘယ်လိုပုံစံတွေ့ရပါလဲ။
==============================
ဖြေ။အခု အင်ဒိုနီးရှားမှာဆိုရင် လဲ အုပ်ချုပ်တဲ့စနစ်က ဒီမိုကရေစီ လို့ပြောပေမယ့်လဲ အစမှာ သိပ်ပီပီ ပြင်ပြင်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းသွားတာ ၁၉၉၈ခုနှစ် ကမှစပြောင်းတာ။ အဲဒီမှာ သမ္မတ ကို တိုက်ရိုက်ရွေးချယ်တာတို့၊ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ် တဲ့စနစ်တို့ ဒါတွေက ပြောင်းသွား ပါတယ်။ ပြောင်းသွားတော့ ကိုယ့် နိုင်ငံနဲ့ကိုယ် ကိုက်ညီတဲ့စနစ်ကို ကျင့်သုံးကြတာပေါ့။ ဒီမိုကရေစီ စနစ်ပြောင်းတဲ့နေရာမှာအင်ဒိုနီးရှား အနေနဲ့ တော်တော်လေး ညင်ညင် သာသာရှိတယ်။ အစမှာတော့ အဆင်မပြေတာရှိတယ်။ အခုဆို တော်တော်အခြေတည်သွားပြီ။ လွှတ်တော်ကလဲ ပိုပြီးပီပီပြင်ပြင် ဖြစ်လာတယ်လို့သုံးသပ်တယ်။

မေး။ဒီမိုကရေစီသက်တမ်း ကြာကြာသွားဖို့အတွက်လွှတ်တော် ဘက်ကနေ ဦးဆောင်ပြီးသွားရ မယ်လို့ သုံးသပ်လို့ရမလား။
==================================
ဖြေ။ဒီမိုကရေစီစနစ်ဆိုတာ အများရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ဆန္ဒ နဲ့အညီ အုပ်ချုပ်တာ။ ဒီမိုကရေစီ စနစ်ထွန်းကားလာရင် လွှတ်တော် ကလဲ သူ့ကဏ္ဍသူလုပ်ရမယ်။ အစိုးရအဖွဲ့ကလဲ သူ့ကဏ္ဍသူလုပ် ရမယ်။ တရားစီရင်ရေးအဖွဲ့ကလဲ လုပ်ရမယ်။ ကဏ္ဍအပိုင်းအခြား တွေရှိပါတယ်။ အဓိကလုပ်ပိုင်ခွင့် တွေကို သေချာသိဖို့လိုပါတယ်။ လွှတ်တော်က ဘာတွေလုပ်နိုင်လဲ၊ အစိုးရအဖွဲ့က ဘာတွေလုပ်ရမလဲ၊
နောက်တစ်ခါအချင်းချင်း အပြန် အလှန်ထိန်းညှိတာက နောက်ဆို ပိုပြီး ပီပြင်လာမှာပေါ့။ လွှတ်တော် စနစ်ကျင့်သုံးတဲ့အခါ တချို့နိုင်ငံ တွေမှာ အစိုးရအဖွဲ့က လူကြီးတွေ က လွှတ်တော်ထဲမှာရှိတယ်။ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံတွေ အရ အစိုးရအဖွဲ့ကဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူတဲ့အခါ လွှတ်တော်က နေ နုတ်ထွက်ရတယ်၊ လွှတ်တော် ထဲမှာမရှိဘူး။ လွှတ်တော်ထဲမှာ ရှိတဲ့စနစ်ကလဲ အားသာချက်တွေရှိ သလို မရှိတဲ့စနစ်ကလဲ အားသာ ချက်တွေရှိတယ်။ အမေရိကန်မှာဆို လွှတ်တော်ထဲမှာအစိုးရအဖွဲ့က လူတွေမရှိဘူး။ သို့သော်လဲ သူ့ စနစ်က သမ္မတတိုက်ရိုက်အုပ်ချုပ် တဲ့စနစ်၊ သမ္မတနဲ့ကွန်ဂရက်ရဲ့ ဆက်ဆံရေးပေါ်မှာမူတည်ပြီး နိုင်ငံ ရဲ့မူဝါဒတွေကို ချမှတ်တဲ့နေရာမှာ အဆင်ပြေတာလဲရှိတယ်၊ မပြေ တာလဲရှိတယ်၊ ကိုယ့်နိုင်ငံရဲ့ အခြေ အနေပေါ်မူတည်ပြီး လုပ်ရတယ်။

မေး။ဒီမိုကရေစီပြောင်းစအချိန် မျိုးတွေမှာ အခုမြန်မာနိုင်ငံမှာကြုံ သလို အစိုးရနဲ့လွှတ်တော်ကြား ဆက်ဆံရေးမျိုးရှိလားရှင့်။

ဖြေ။သေသေချာချာတော့ မလေ့လာရသေးဘူး။ သို့သော်လဲ ဆွေးနွေးချက်တွေနားထောင်ကြည့် တော့ ရှိခဲ့ကြပါတယ်။ စနစ်တစ်ခု ကို မသိသေးတာတွေလဲရှိတာပေါ့။ သူ့လုပ်ပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့် ကို မသိသေးတာ ရှိပါတယ်။ လွှတ်တော်ကသုံးနေတဲ့ ပြည်သူ့ အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့မျှော် လင့်ချက် လွှတ်တော်ကဖော်ဆောင် ရွက်ဆိုတာတော့အဓိကပဲ။လွှတ်တော် ထဲမှာရှိတဲ့သူတွေက ပြည်သူက
ရွေးထားတဲ့လူတွေ။ သူတို့က ပြည်သူတွေကို ကိုယ်စားပြုရမယ်။
ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ အသံကို ပြည်သူ့ကိုယ်စားပြော ရတာဖြစ်လို့ လွှတ်တော်ကတော့ တော်တော်တာဝန်ကြီးပါတယ်။
— with Saw Tun and 2 others.

No comments:

Post a Comment