Labels

Friday, January 3, 2014

အားလုံးအတွက် အမှန်မြင်ရန် သွယ်ဝိုက်ညှိနှိုင်းခဲ့ပေမယ့်

ရာထူးတိုးမြှင့်မှုမှာ စည်းမျဉ်းစည်းကမ်းနှင့်မညီညွတ်ပဲ လုပ်ဆောင်နေမှုကို စေ့စပ်ညှိနှိုင်းခြင်းနည်းဖြင့် အောက်ပါအတိုင်း စတင်ဖွင့်ခဲ့ပါသည်။

သို့သော် အော်တိုကရေစီများပီပီ ငါရှင်ဘုရင် ဘယ်နှစ်ပတ် လှည့်လှည့် ဆိုသော ကျင့်စဉ်များကိုသာ ကျင့်သုံးခဲ့သောကြောင့် ပြဿနာများ ပိုမို ကြီးထွားလာခဲ့သည်။ ယင်းသည်ပင် အဆိုးထဲမှ အကောင်းဟု ယူဆရမည့် ကိစ္စရပ်များကို ဖေါ်ဆောင် လာနိုင်ခဲ့သည်။ ၀န်ထမ်းအဖွဲ့အစည်းများတွင် ဖြစ်ပေါ်နေသော ပကတိ အခြေအနေ များကို တင်ပြခွင့် ရလာသည်။

ဝန်ထမ်းအလွှာ အသီးသီးက ပါဝင်ရေးဆွဲထားသည့် ပြီးပြည့်စုံသည့် ၀န်ထမ်းနည်း ဥပဒေ ပေါ်ထွက်လာရေး၊ အရည်အသွေး ပြည့်မီ၍ ရလဒ်ကောင်း များဖေါ်ဆောင် နိုင်သော အဖွဲ့အစည်းများ ဖြစ်ပေါ်လာရေးတို့မှာ ၀န်ထမ်းများ၏ စုပေါင်းအား၊ အစိုးရအဖွဲ့၏ စိတ်စေတနာကောင်းတို့ဖြင့်သာ အကောင်အထည် ဖေါ်ဆောင် နိုင်မည် ဖြစ်ပါသည်။
……. ……. …….

မှ ညွန့်လှိုင် ရက်စွဲ၊၂၀၁၂ခုနှစ် စက်တင်ဘာလ ၃၀ ရက်
လက်ထောက်ကထိက
စီမံခန့်ခွဲမှုပညာဌာန

သို့
ခေတ္တပါမောက္ခချုပ်
ဗဟိုဝန်ထမ်းတက္ကသိုလ်
(ဖောင်ကြီး)

အကြောင်းအရာ။ ကထိကရာထူးတိုးကိစ္စတင်ပြခြင်း
၁။ ကထိက ရာထူးတိုးအတွက် လက်ထောက်ကထိက ( ၁၅ ) ဦးကိုသာ ရွေးချယ် တိုးမြှင့်မည့်အကြောင်း စာအမှတ် (၀၁၃၅)ဖြင့် ၂၆.၉.၂၀၁၂ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
၂။ ယင်းကထိကရာထူးတိုး (၁၅) ဦးတွင် တစ်ဦးသည် ၂၃.၂.၂၀၁၂ ခုနှစ် တက္ကသိုလ်အမိန့် အမှတ်စဉ် (၃၈/၂၀၁၂) ပါ အပိုင်း(ခ) ၆၈/၂၀၁၂=ပြစ်ဒဏ်ချမှတ်ခြင်း(ရေးရာ)တွင် ““၄င်းတို့အား ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် တာဝန်ပေးအပ်ရန် နေရာမရှိတော့ပေ၊ ရာထူးတိုးကိစ္စတွင်လည်း စဉ်းစားရန် မရှိတော့ပြီဖြစ်ရာ ထွက်ခွင့်တင်လိုက တင်စေရန် ” ဟု ချမှတ်ထားသော်လည်း ပါရှိလျက် ရှိနေပါသည်။ ထို့အပြင် ထိုဝန်ထမ်းသည် ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) ဆန်စက်တွင် ငွေကြေးကိစ္စ၊ သင်တန်းတပ်ခွဲတွင်လည်း ငွေကြေး ကိစ္စကို ခုံရုံးဖွဲ့ စစ်ဆေး ပေါ်ပေါက်ခဲ့သူ ဖြစ်ပါသည်။ ( သင်တန်းတပ်ခွဲ ငွေကြေးကိစ္စအား တက္ကသိုလ်အမိန့် မထုတ်ပြန်ထားပါ။ )
၃။ တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ရာထူးတိုးရန် အမည်စာရင်းတွင် မပါဝင်သူများသည် လက်ထောက်ကထိက ရာထူးလုပ်သက် (၉)နှစ်ကျော်နေကြသူများ ဖြစ်ကြသော်လည်း ထည့်သွင်း စဉ်းစားထားခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ကထိက ရာထူးတိုးရမည့် လုပ်သက်ထက် ကျော်လွန် နေသောသူများ ဖြစ်သော်လည်း ထည့်သွင်းစဉ်းစားမှုမရှိခြင်းမှာ ၀န်ထမ်းတို့၏ ရပိုင်ခွင့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။
၎။ နည်းပြရာထူးများ ပေးရာတွင် စာရေးများသာမက လုပ်သားများကိုပါ ယှဉ်ပြိုင်ပေးအပ်ခဲ့သော်လည်း ယခု ကထိက ရာထူးတိုးရာတွင် ရာထူးတူနေကြပြီး ရာထူးတိုးရမည့် လုပ်သက်သတ်မှတ်ချက်ထက် ကျော်လွန် နေသော်လည်း ထည့်သွင်း မစဉ်းစားခံရသည့်အတွက် နစ်နာမှုရှိပါသည်။
၅။ ရာထူးတိုးမြှင့်ရာတွင် ( RASE ) ဆိုသည့် (Result) (ရလဒ်ကောင်းများရအောင် ဘာတွေလုပ်ဆောင် ခဲ့ပါသလဲ)၊ (Ability) (ယခုရာထူးတွင် ဘာတွေစွမ်းဆောင်နိုင်စွမ်းရှိပါသလဲ)၊ (Skill) (ထိုဝန်ထမ်း၏ ကျွမ်းကျင်မှုနှင့် စွမ်းရည်တွေက ဘာတွေပါလဲ)၊ (Education) (ထိုဝန်ထမ်း၏ပညာရည်အဆင့်အတန်း ဘယ်လောက်ရှိပါသလဲ၊ ရရှိထားသောဘွဲ့နှင့် ထပ်တူညီသောပညာအရည်အချင်းကော ရှိပါသလား) စသည် ဖြင့် စည်းစားပြီး (၁၀)ချက်ပေးမှတ်များ၊ လုပ်သက်ရမှတ်များ (အကယ်၍ ၽႊမငအငညါ၊ ဥမေူ၊ ဗအအငအကိန ႊန်အ၊ ဗစအငအကိန ႊန်အ၊ ႀန့ေလငသမ ႊန်အ တို့ရှိက ထည့်သွင်းရပါသည်။) ပေါင်းပြီး သင့်တော်ကိုက်ညီ သူကို ရထူးတိုးမြှင့်ရမြဲ ဖြစ်ပါသည်။
၆။ ကျွန်တော်သည် ဤတက်္ကသိုလ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်သည်မှ ယနေ့ထိထမ်းဆောင်ခဲ့သော တာဝန်နှင့် လုပ်ဆောင်ခဲ့မှုများကို တင်ပြလိုပါသည်။ ဦးစွာ သင်တန်းအစီအစဉ်ရေးဆွဲရေးဌာနစိတ်နှင့် သင်တန်းပို့ချမှုဆက်သွယ်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် စာရေး(၈)ယောက်ကို ဦးဆောင်၍ တက်္ကသိုလ်တစ်ခုလုံး ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာပိုင်းကို တာဝန်ယူခဲ့ပါသည်။ ထိုကာလက မီးပျက်ချိန်အရမ်းများခဲ့သည့်အတွက် တက်္ကသိုလ်တစ်ခုလုံး၏ ရုံးလုပ်ငန်းများကို နေ့မအား ညမနား ဆောင်ရွက်ခဲ့ရပါသည်။ မီးလာသည့်အချိန် အိပ်ယာမှ ချက်ချင်းထ၍ စက်ခန်းသို့ပြေးကာ ပေးအပ်ထားသော လုပ်ငန်းများကို မနက်တွင်အချိန်မီ ပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြရပါသည်။ ထိုအချိန်က စာရေး(၈)ဦးအနက် လက်ရှိတာဝန်ထမ်းဆောင်နေသော နည်းပြဦးကျော်စွာထွန်း(ဥပဒေပညာဌာန)၊နည်းပြ ၀င်းဝင်းမော် (နိုင်ငံရေး သိပ်္ပံပညာဌာန)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးသို့ ပြောင်းရွေ့သွားသော် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်၊ စာရေး ဒေါ်ခင်မာဝင်း (လေ့ကျင့်ရေးရုံး)တို့ ပါဝင်ခဲ့ပါသည်။ ဆက်လက်တိုးမြှင့်လုပ်ဆောင် ရမည့် အခြေအနေများကို ထိုစဉ်က ဒုတိယပါမောက်္ခချုပ်(လေ့ကျင့်သင်ကြားရေး) ဒေါက်တာကံရှိန်၏ တာဝန် ပေးချက်အရ ပရောဂျက်များရေးဆွဲတင်ပြခြင်း၊ ယခုစီးပွားရေးပညာဌာန ဌာနမှူးဖြစ်သူ ဦးစံထွန်း၏ ကြိုးစား အားထုတ်မှုနှင့်ွှုငူ ကောင်းမွန်မှုတို့ကြောင့် တက်္ကသိုလ်သည် ဃသာစကအနမငဖအေငသည ကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
၇။ အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဘာသာရပ်များရေးဆွဲရာတွင် စီမံခန့်ခွဲမှုပညာဌာနအတွက် ဘာသာရပ်များ ရွေးချယ်ပေးခဲ့ခြင်း၊ အချို့ဘာသာရပ်များကို ကိုယ်တိုင်ရေးသား ပေးခဲ့ခြင်း၊ ကျန်သည့်ဘာသာရပ်များအတွက် အချက်အလက်များ ပံ့ပိုးပေးခဲ့ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ ပါသည်။အခြားပညာဌာနများမှ ပညာဌာနမှူးများ၏ အကူအညီတောင်းမှုအရ လိုအပ်သည့်ဘာသာရပ်များနှင့် သက်ဆိုင်သော အချက်အလက်များကိုလည်း ပံ့ပိုးကူညီပေးခဲ့ပါသည်။ ထိုအချိန်က ဆောင်ရွက်ခဲ့ရသည်မှာ တနေ့အိပ်ချိန် (၂)နာရီသာသာ သာရှိခဲ့ပါသည်။အွန်လိုင်းပေါ်တွင်ရှာဖွေခြင်း၊ ကျွန်တော်ဝင်ရောက်ထားသော ၾေညေါနာနညအ ႊနော တွင် အွန်လိုင်းပေါ်၌ ဆွေးနွေးခြင်း၊သက်ဆိုင်ရာပညာရှင်များနှင့် မိမိတို့တက်္ကသိုလ်တွင် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ပို့ချသင့်သောဘာသာရပ်များ၊ ပါဝင်ရမည့်ခေါင်းစဉ်၊ အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်း၊ အကြံဉဏ်တောင်းခံခြင်း၊ ဆွေးနွေးချက်များ၊ အကြံဉဏ်များနှင့် ဆိုက်အသီးသီးမှ ဆွဲယူထားသော စာအုပ်များ၊ ဆောင်းပါးများ၊ ဆွေးနွေးချက်များကို ဖတ်ရှုလေ့လာ ဘာသာပြန်ခြင်း၊ ရေးသားခြင်း၊ ပံ့ပိုးပေးခြင်းများကို အားတက်သရော ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာမည့်သင်တန်းသူ၊သင်တန်းသားများ အလွယ်အကူ သ်ူငညန လေ့လာနိုင်ရန် တစ်ခုခြင်း ဖတ်ရှုပြီးသော ဘာသာရပ်အမျိုးအစားများခွဲကျွာီံ ဌာနမှ နည်းပြ နောင်နောင်အောင်နှင့်အတူ ခငချ န-ူငဘမမေပ ၀က်ဘ်ဆိုက် ရေးဆွဲပံ့ပိုးပေးနိုင်ခဲ့ပါသည်။
၈။ ဃြ မှ မိမိတို့တက်္ကသိုလ်နှင့်ပတ်သက်၍ မကောင်းသတင်းများထုတ်လွှင့်ခဲ့သည့်အတွက်လည်း တက်္ကသိုလ်ဂုဏ်ပြုတေးများ ရေးသားစပ်ဆိုအသံသွင်းခဲ့ခြင်း၊ ရိုက်ကူးခြင်း၊ တက်္ကသိုလ်ဂုဏ်ပြုဇာတ်လမ်းကို ဇာတ်လမ်း၊ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးခဲ့ခြင်း၊ျြွှဠ၄ ၊ျြွှဠ၃ နှင့် မြ၀တီရုပ်သံလွှင့်ဌာနများမှ ပြည်တွင်းပြည်ပသို့ (၃)နှစ်တိုင်တိုင် လွှင့်ထုတ်ပေးခဲ့ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသီချင်း ဇာတ်လမ်းများကို အပြင်တွင်ရိုက်ကူးမည်ဆိုပါက သိန်းပေါင်းများစွာကုန်ကျမည်ဖြစ်သော်လည်း မိမိ၏ပညာ၊ မိမိ၏စွမ်းဆောင်မှု၊ မိတ်သင်္ဂဟများနှင့်တပည့်များ၏ ကူညီမှုဖြင့် ရိုက်ကူးနိုင်ခဲ့ရာ (၄)သိန်းခန့်ကုန်ကျ ခဲ့ပါသည်။ တက်္ကသိုလ်မှ (၁)သိန်းသာကုန်ကျခဲ့ပြီး မိမိမှ(၃)သိန်းခန့် အကုန်အကျခံကာ မိမိတို့တက္ကသိုလ် အတွက် ဆောင်ရွက်ခဲ့ပါသည်။ ဇာတ်လမ်းတွင်လည်း မိမိအမည်ထက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြသော MRTV နှင့် မြ၀တီမှတပည့်များ၏ အမည်များကိုသာ ထည့်သွင်းပေးခဲ့ပြီး မိမိမှစီစဉ်ကြီးကြပ်သူ မင်းသူရ(စီမံ/ပညာ)ဟူ၍ သာ ထည့်သွင်းခဲ့ပါသည်။
၉။ တပ်ခွဲမှူးအဖြစ် တာဝန်ပေးအပ်ခံရသည့်ကာလများတွင်လည်း စိတ်ဓါတ်၊စည်းကမ်း၊စွမ်းရည် ဆိုသည့် စ သုံးလုံးနှင့် ညီညွတ်စေရန် သင်တန်းသားများအား အုပ်ချုပ်နိုင်ခဲ့ပြီး စည်းကမ်းကောင်းသော စံပြတပ်ခွဲ အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ““သင်တန်းသားရှိလျှင် ငါရှိသည် ”” ၊ ““ အနီးကပ်ကြီးကြပ်ခြင်းသည် အနီးကပ် လေ့ကျင့်ပေးခြင်းပင် ဖြစ်သည် ””၊ ““ သင်တန်းကောင်းမှ ၀န်ထမ်းကောင်းမည် ”” ဆိုသည့်မူကို လက်ကိုင်ထား ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၀။ မိမိဤတက်္ကသိုလ်သို့ရောက်ရှိချိန်က သုတေသနဌာနဟူ၍ သီးခြားမရှိခဲ့ပါ။ သို့ဖြစ်၍ ပါမောက်္ခချုပ် ဦးဝင်းမောင်အား တင်ပြရာ သုတေသနဌာနဖွဲ့စည်းပေးပြီး သုတေသနလုပ်ငန်းများ စနစ်တကျလုပ်ဆောင် နိုင်ရန် တာဝန်ပေးအပ်ခံရစဉ်ကလည်း မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ (နျြွ) မှ ဆရာကြီး ညွှန်ချုပ် ဦးမြင့်ဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ သုတေသနအရာရှိ ဆရာမဒေါ်နီနီစိန်တို့နှင့် ညှိနှိုင်း တိုင်ပင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ တက်္ကသိုလ်၏ သုတေသနဌာန ပုံမှန်လုပ်ဆောင် လည်ပတ်စေနိုင် ခဲ့ပါသည်။ ထိုအချိန်က မိမိ၏စူးစမ်းလေ့လာခဲ့မှု၊ အထူးနှင့်ပုံမှန်သင်တန်း တစ်ခုချင်းစီတွင် ပို့ချလျက်ရှိသော ဘာသာရပ်များ၊ မေးခွန်းများကို စနစ်တကျဖိုင်တွဲလေ့လာခဲ့မှုကြောင့် သုတေသနလုပ်ဆောင် နိုင်ရေး စီမံရာတွင် များစွာအထောက်အကူပြုနိုင်ခဲ့ပါသည်။
၁၁။ မိမိအနေဖြင့် မည်မျှပင်စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့သော်လည်း အသိအမှတ်ပြု မခံခဲ့ရခြင်း၊ ချောင်ထိုးခံခဲ့ရခြင်းများ (ဥပမာတစ်ခုအနေဖြင့် အလယ်အလတ်အဆင့်သင်တန်း ဘာသာရပ်များကို ပြုစု ရေးသားပေးခဲ့ရသော်လည်း ထိုဘာသာရပ်အကြောင်းမသိ၊ ခေါင်းစဉ်တောင် မကြားဖူးသူများအား တာဝန် ပေးခဲ့ခြင်း။)
၁၂။ အဖွဲ့အစည်းတစ်ခု တိုးတက်ဖွံ့ဖြိုးရေးမှာ နောက်ကလိုက်နေမည့်နောက်လိုက်များကို မွေးမြူပေးရန် မဟုတ်ဘဲ ဦးဆောင်မှုပေးနိုင်မည့် ခေါင်းဆောင်ငယ်များ မွေးထုတ်ပေးမှသာ ဖြစ်မြောက်အောင်မြင်မည် ဖြစ်ပါသည်။အနာဂတ်အမြင်ရှိပြီး ကြိုးစားသော၊ တက်ကြွဖျတ်လတ်သော၊ အဖွဲ့အစည်းအပေါ် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြ အလုပ်အကြွေးပြုနေသော၊ ပါးစပ်ကအဖွဲ့အစည်းကိုချစ်ပြနေခြင်းမျိုး မဟုတ်ဘဲ လုပ်ဆောင်မှုဖြင့်သာ သက်သေပြနေကြသော၊ ဖော်လံဖား အယောင်ပြမလုပ်ဘဲ အဖွဲ့အစည်းအတွက် အကျိုး ရှိမည်ဆိုလျှင် မိမိအသိစိတ်ဖြင့် ဆောင်ရွက်လေ့ရှိသော သူများကသာလျှင် အဖွဲ့အစည်းကို အစွမ်းကုန် မြှင့်တင်ပေးသွားကြမည်ဖြစ်ပါသည်။ခေါင်းဆောင်ငယ်များကိုသာ မွေးထုတ်ပျိုးထောင်ပေးသော ခေါင်းဆောင် သည်သာလျှင် အစစ်အမှန်ခေါင်းဆောင်ဖြစ်ပါသည်။
၁၃။ ကျွန်တော်သည် မိမိဘာသာရပ်နှင့်ပတ်သက်၍ လုံးချင်းစာအုပ်ထုတ်ပြီးခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် ထုတ်ခဲ့သောစာအုပ်မှာ ““ ခေတ်သစ်ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပညာ ”” ဖြစ်ပါသည်။ထပ်မံ၍လည်း ““နောက်လိုက်မှု ပညာ”” ဆိုသည့် နောက်လိုက်များတွင်ရှိရမည့် စိတ်ထား၊ကျင့်ဝတ်၊စွမ်းရည်များနှင့်ပတ်သက်၍ ရေးသားနိုင်ရန် လည်း လေ့လာသုတေသနပြုလျှက် ရှိပါသည်။ ထိုစာအုပ်ရေးသားပြီးပါက ဝေဖန်အကြံပြုပေးပါရန် အဖွဲ့ဝင် ဒေါက်တာမြင့်အောင် အားလည်း တင်ပြအကူအညီတောင်းခံ ခဲ့ပါသည်။ သင်ကြားရေးတွင်လည်း မိမိ၏ သင်ကြားမှုစွမ်းရည်ကို လုပ်ဖော်ကိုင်ဖက်များ၊ တပ်ခွဲနောက်လိုက်နေသည့် ခွဲကြပ်များ၊ သင်တန်းသူ၊သင်တန်း သားများ၏ အသံကို နားထောင်ကြည့်နိုင်ပါသည်။ ကျွန်တော်တရုတ်ပညာတော်သင်မှ ပြန်လာစဉ်ကလည်း ပညာဌာန(၅)ခုအတွက် ပညာဌာနအလိုက် အင်္ဂလိပ်၊မြန်မာစာအုပ်များ၊ကာတွန်းများ၊ ဓါတ်ပုံများ၊ ဗွီဒီယို ဖိုင်များကို သက်ဆိုင်ရာ ပညာဌာနများမှ သင်ကြားရေးဝန်ထမ်းများ လေ့လာနိုင်ရန်နှင့် သင်ထောက်ကူအဖြစ် အသုံးပြုနိုင်ရန် ဒီဗွီဒီ ကူး၍ လည်းကောင်း၊ နြာသမပှအငခု ဖြင့်လည်းကောင်း မျှဝေပံ့ပိုးပေးခဲ့ပါသည်။
၁၄။ တကယ်လုပ်ဆောင်နေသော၊ ကြိုးစားသော၊ မိမိကိုယ်ကို အမြဲတမ်းလေ့လာသင်ယူဖြည့်ဆည်းနေသော သူများ အနေဖြင့် နွားထီးငါးကျပ်၊နွားမငါးကျပ်မူ၊ ခွဲခြားဆက်ဆံခံရမှု၊ နှိပ်ကွပ်ချောင်ထိုးမှု၊ ၀န်ထမ်း၏ ရပိုင် ခွင့်ကို မရရှိအောင် အဂတိတရားဖြင့် ဆောင်ရွက်မှုတို့ကြောင့် ထိုဝန်ထမ်းများသည် စာချုပ်အရ ပေးလျော် ရမည့် တန်ဖိုးကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေရသော်လည်း အဖွဲ့အစည်းအပေါ်စိတ်နာလာခြင်း၊ လုပ်ငန်းခွင် မပျော်ပိုက်ခြင်း၊ ယခင်ကကဲ့သို့ အားတက်သရောလုပ်ကိုင်လိုစိတ်မရှိတော့ဘဲ နေသာသလို နေခြင်း၊မည်သူ့အပေါ်မျှ အယုံအကြည်မရှိတော့ခြင်း၊ အားကိုးရာအစစ်အမှန်မရှိသောအဖွဲ့အစည်းအဖြစ် ရှုမြင် လာခြင်း၊ ထူးချွန်ထက်မြက်သူများကို အရည်အသွေးအလျောက် ချီးမြှင့်မြှောက်စားမှုမရှိဘဲ ၀န်ထမ်းတစ်ဦး၏ အရည်အချင်းကို(၁၀၀)ဟု သတ်မှတ်ပါက (၃၀)၊(၄၀) အဆင့် ၀န်ထမ်းများကို ဆွဲတင်နေပြီး ထို (၃၀)၊(၄၀) များ အပေါ်ရောက်လာခဲ့လျှင် (၂၀)၊(၁၀)၀န်ထမ်းများကိုသာ ဆွဲတင်မည်ဖြစ်ပြီး နောင်တစ်ချိန်တွင် သုည အဖွဲ့အစည်းအဖြစ်သာ ပေါ်ပေါက်လာမည့်အတွက် စိတ်ကုန်၊စိတ်ပျက်လာနိုင်ခြင်းများကို ကြုံတွေ့လာနိုင်ပါ သည်။ှဗျြွှ ကျသောအဖွဲ့အစည်းများမှာဗျြွှ ကျသောဝန်ထမ်းများဖြင့် ၀ိုင်းရံထားမြဲ ဖြစ်ပါသည်။
၁၅။ ဘာသာရေးတွင်လည်း ကျွန်တော်တက်္ကသိုလ်ရောက်စက ခြုံနွယ်ပိတ်ပေါင်းတို့ဖြင့် ၀ိုင်းရံနေသော ကိုးန၀င်းစေတီတော်မြတ်ကြီး၏ပတ်ဝန်းကျင်ကို လူငယ်များအားစည်းရုံးသိမ်းသွင်းပြီး ခုတ်ထွင်ရှင်းလင်းခြင်း၊ တံခွန်တိုင်၊ နေပူခံကျောက်ပြားများ စိုက်ထူခင်းကျင်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း၊ ရင်ပြင်ပေါ်ရှိ ညောင်ပင် ကြီး များတွင် အုတ်ခုံများ ပတ်ဝိုင်းနိုင်ရေး၊ ရင်ပြင်စနေထောင့်တွင် နဂါရုံဘုရားတည်နိုင်ရေးတို့အတွက် တိုင်း/ဆောက် မှ အင်ဂျင်နီယာများ၊ တေဇတပ်ခွဲ၌ သင်တန်းတက်ရောက်နေကြသော ရန်ကုန်မြို့တော် စည်ပင်မှ ကိုထိန်းဝင်းတို့ကိုစည်းရုံး၍ ဆောင်ရွက်ခဲ့ခြင်း၊ ရင်ပြင်တော်ပေါ်တွင် ခုံတန်းများချထားပေးပြီး သင်္ဘောဆေးသုတ်ကာ ဘုရားဖူးလာရောက်သူများ နားနေနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ နှစ်စဉ် သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ဆီများအလှူခံ၍ ဆောင်ရွက်ခဲ့ခြင်း၊ ဘာသာရေးပွဲများ တွင်လည်း အားတက်သရော ကူညီလုပ်ကိုင်ပေးခဲ့ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ဆောင်ရွက် ခဲ့ရာတွင် မိမိ၏လူအား၊ ငွေအား၊ ဉဏ်အားစိုက်ထုတ် ကုသိုလ်ယူ လုပ်ဆောင်လာခဲ့ပါသည်။ စေတီတော်များ တွင် နှစ်စဉ် ထုံးသင်္ကန်း ကပ်လှူခြင်း၊ ရွှေဆေးကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများတွင်လည်း စည်းရုံး ထားသော လူငယ်များနှင့်အတူ လုပ်အားဒါန ပါဝင်လှူဒါန်းခဲ့ပါသည်။
၁၆။ ကျွန်တော်သည် ၁၉၈၆ ခုနှစ် ဇူလိုင်လမှစတင်၍ နိုင်ငံတာဝန်ထမ်းဆောင်လာခဲ့ရာ ယခု ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လုပ်သက်(၂၆)နှစ် ကျော်ခဲ့ပြီး ဖြစ်ပါသည်။ ယခင်က ကျွန်တော့်လက်အောက်တွင် တာဝန်ထမ်းဆောင်သွားခဲ့သော ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးရောက် ၀န်ထမ်းပင်လျှင် လက်ထောက် ညွှန်ကြားရေးမှူးဖြစ်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့အစည်းအတွက် ရလဒ်ကောင်းများ ပေါ်ပေါက်ရရှိ စေရန် မိမိစွမ်းအားရှိသမျှ ကိုယ်အား၊ဉဏ်အားဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သော ကျွန်တော့်အားလည်း ယခု ရာထူးတိုးကိစ်္စတွင် ထည့်သွင်းစဉ်းစားပေးပါရန် လေးစားစွာ မေတ်္တာရပ်ခံ အပ်ပါသည်။ ယခုတင်ပြချက် များသည် အခြားသူများကို ပုတ်ခတ်လိုသော၊ မိမိဂုဏ်ကိုဖော်လိုသော ရည်ရွယ်ချက်ဖြင့် တင်ပြခြင်း မဟုတ် ပါကြောင်း သစ်္စာပြုပါသည်။ သက်ဆိုင်ရာ ပုဂ်္ဂိုလ်များအနေဖြင့် ချိန်ထိုးစဉ်းစားဆုံးဖြတ်မှု ပြုနိုင်ပါရန် တင်ပြခြင်းသာ ဖြစ်ပါသည်။

လေးစားစွာဖြင့်

No comments:

Post a Comment